အလယ်အဖွင့်အပြန့်သရ
အလယ်အဖွင့်အပြန့်သရ (အင်္ဂလိပ်: open central unrounded vowel) သည် အပြေဘာသာစကားများစွာတွင် အသုံးပြုသော သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ၌ အရှေ့ [a] နှင့် အနောက် [ɑ] ကြားရှိ ဤသရသံကို ကိုယ်စားပြုဖော်ပြပေးသော အက္ခရာ တရားဝင်မရှိပေ။ ပုံမှန်အားဖြင့် ⟨a⟩ ဟူ၍သာ ရေးသားလေ့ရှိသည်။ တိကျမှုကိုအလိုရှိပါက ဖြည့်စွက်သင်္ကေတများအသုံးပြုဖော်ပြနိုင်ရာ အလယ်သရဖြစ်သည့်အတွက်ကြောင့် ⟨ä⟩ အဖြစ် ရေးသားနိုင်သည်။ အရှေ့အဖွင့်နှင့် အလယ်အဖွင့်တို့ကြားရှိ သိသာထင်ရှားမှု ဟုဆိုနိုင်လောက်သည့်အရာသည် ခေတ်နောက်ကျနေပြီဖြစ်သော သဒ္ဒဗေဒသီအိုရီများအပေါ်တွင်အခြေခံသည်၊ အခြေခံသရ [a] သည်သာ တစ်ခုတည်းသော အဖွင့်သရဖြစ်သည်၊ တစ်ဖက်တွင် [æ] ကဲ့သို့ [ɑ] သည် အဖွင့်နီးပါးသရဖြစ်သည် ... စသဖြင့် ဆွေးနွေးငြင်းခုံမှုများရှိကြသည်။[၁] အလယ်အဖွင့်သရအတွက် ရိုးရိုးရှင်းရှင်း ⟨a⟩ ကိုအသုံးပြုလေ့ရှိကြကာ လိုအပ်ပါက အရှေ့အဖွင့်သရအတွက် ⟨æ⟩ ကို သုံးစွဲနိုင်သည်။ လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယ်၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၂] ဤသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားလှသည်။ အင်္ဂါရပ်များ
မှတ်စု
ကိုးကား
Information related to အလယ်အဖွင့်အပြန့်သရ |
Portal di Ensiklopedia Dunia