User:Auld Den 2

Template:Featured article is only for Wikipedia:Featured articles.

Manhattan District
A fiery mushroom cloud lights up the sky.
The Trinity test of the Manhattan Project on 16 July 1945 was the first detonation of a nuclear weapon.
Active1942–1946
Disbanded15 August 1947
Country
  • United States
  • United Kingdom
  • Canada
BranchU.S. Army Corps of Engineers
Garrison/HQOak Ridge, Tennessee, U.S.
Anniversaries13 August 1942
Engagements
Commanders
Notable
commanders
Insignia
Manhattan District shoulder sleeve insignia
Oval shaped shoulder patch with a deep blue background. At the top is a red circle and blue star, the patch of the Army Service Forces. It is surrounded by a white oval, representing a mushroom cloud. Below it is a white lightning bolt cracking a yellow circle, representing an atom.

မန်ဟက်တန်ပရောဂျက် ဆိုသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာ့ပထမဆုံး နျုကလီးယားလက်နက်ကို တီထွင်ဖို့ လုပ်ဆောင်နေသော အမေရိကန်အစိုးရ၏ လျှို့ဝှက် သုတေသနနှင့် အင်ဂျင်နီယာ ပရောဂျက်အတွက် အမည်ဝှက်ဖြစ်သည်။

အစပျိုးရာ

၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်သမ္မတ ဖရန်ကလင် ရုစဗဲ့ သည် အဲလ်ဘတ် အိုင်းစတိုင်းဆီမှ နာဇီဂျာမနီများသည် နျူကလိယလက်နက် တီထွင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း အစချီသည့် သတိပေးစာလက်ခံရရှိခဲ့သည်။ ထို့ကြောင့် ရုစဗဲ့သည် နျူကလိယလက်နက် တီထွင်နိုင်ချေကို လေ့လာဖော်ထုတ်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ခုနှစ် သြဂုတ်လတွင် မန်ဟက်တန်ပရောဂျက်ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ၁၉၄၄ခုနှစ်တွင်မူ အမေရိကန် ထိပ်တန်းတက္ကသိုလ်များနှင့် စက်မှုသုတေသနဓာတ်ခွဲခန်းများမှ သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာပေါင်း ခြောက်ထောင်က ကမ္ဘာ့ပထမဆုံးနျူကလိယလက်နက်ကို တီထွင်ရန် စတင်ခြေလှမ်းနေပြီဖြစ်သည်။ ရူပဗေဒပညာရှင် ဂျေ ရောဘတ် အိုပန်ဟိမ်းမားက မန်ဟက်တန်ပရောဂျက်၏ အဓိကသုတေသနနှင့်ဖြိုးတိုးတက်ရေးဌာနဖြစ်သော လော့စ်အလာမိုစ့် Los Alamos အမျိုးသားဓာတ်ခွဲခန်းကို ဦးဆောင်ရသည်။ ပုဂ္ဂလိကကော်ပိုရေးရှင်းများထဲမှတစ်ခုဖြစ်သော DuPont က ယူရေနီယံကို အခြေခံသော ဗုံးပြုလုပ်ရန်အတွက် လိုအပ်သော အစိတ်အပိုင်းများကို ကူညီပြင်ဆင်ပေးခဲ့သည်။ အုတ်ရိဂျ်၊ တန်းနီးဆက်၊ ဟန်းဖိုဒ့် နှင့် ဝါရှင်တန်တို့တွင် တည်ရှိသော ဓာတ်ပေါင်းဖိုများသည် နျုကလိယနှင့် ဆက်စပ်သော ပစ္စည်းများအား ထုတ်လုပ်ပေးခဲ့သည်။

လုပ်အားအသုံးပြုမှု

မန်ဟက်တန်ပရောဂျက်အတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာတွင်တည်ရှိသော စက်ရုံ ၃၇ ခုတွင် အမေရိကန်နိုင်ငံသား အယောက် ၁၃၀,၀၀၀ ကို အလုပ်ခန့်ထားခဲ့သည်။

အဏုမြူဗုံးကို တီထွင်နိုင်ပြီ

၁၉၄၅ ခုနှစ်တွင် အိုပန်ဟိမ်းမားနှင့် အဖွဲ့သည် အဏုမြူဗုံးကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျူလိုင်လ ၁၆ရက်နေ့ နယူးမက္ကဆီကိုပြည်နယ်၊ အလာမိုဂေါ်ဒို(Alamogordo)မြို့ရှိ စစ်ဘက်ဆိုင်ရာစမ်းသပ်စခန်းတစ်ခုတွင် ပထမဆုံးသော နျုကလိယဗုံးကို ဖောက်ခွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မေလ အဏုမြူဗုံးတီထွင်လို့မပြီးခင်တွင်ပင် မဟာမိတ်တပ်များသည် ဂျာမနီကိုအနိုင်ယူနိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ဂျပန်နှင့် စစ်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဂျပန်ကို ဗုံးကျဲခြင်း

မီးလောင်ဗုံးများ

ဂျပန်အပေါ် အဏုမြူဗုံးကျဲချခြင်း၏ အဓိကအကြောင်းအရင်းမှာ ဂျပန်၏ ချွင်းချက်မရှိ လက်နက်ချရန် ဆန္ဒမရှိခြင်းဖြစ်သည်။ ဂျပန်သည် သူတို့၏ ဧကရာဇ်ကို စစ်ဆက်တိုက်လိုစေခဲ့ပြီး ကိုယ်ပိုင်စစ်ပွဲများကို ဆင်နွှဲလိုခဲ့ကြသည်။ ထို့အပြင် အမေရိကန်သိမ်းပိုက်ခြင်းခံရမည်ကိုလည်း လက်သင့်မခံချင်ခဲ့ကြပေ။ အမေရိကန်အမြင်အရမူ ဂျပန်များ ချွင်းချက်မရှိလက်နက်ချခြင်းကိုသာ လိုချင်ခဲ့သည်။ ထို့ကြောင့် စစ်ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ ၉ ရက် နှင့် ၁၀ ရက်များတွင် ဖြစ်ပွားခဲ့သော တိုကျိုဗုံးကျဲမှုကဲ့သို့ မီးလောင်ဗုံးကျဲတိုက်ခိုက်မှုများ အများအပြားရှိခဲ့သည့်တိုင် ဂျပန်သည် လက်နက်ချရန် ငြင်းဆန်ခဲ့သည်။ တိုကျိုမြို့တစ်ခုတည်းမှာပင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရပြီး သမိုင်းတွင် အဖျက်ဆီးခံရဆုံးစစ်ပွဲအနေဖြင့် ထိုတိုက်ခိုက်မှုများကို မကြာခဏညွှန်းဆိုကြလေ့ရှိသည်။

အသေအပျောက် အတိအကျမသိရသော်လည်း ခန့်မှန်းချက်များအရ မီးလောင်ဗုံးကြောင့် လူပေါင်း ၈၀,၀၀၀ ထက်မနည်း (၁၀၀,၀၀၀ကျော်ဖြစ်နိုင်ဖွယ်ရှိ) တစ်ညအတွင်း သေဆုံးခဲ့ပြီး လူတစ်သန်းခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ဟီရိုရှီးမားနှင့် နာဂါဆာကီ

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် အီနိုလာဂေးအမည်ရ အမေရိကန် B-29 ဗုံးကျဲလေယာဉ်သည် ဟီးရိုးရှီးမားမြို့ပေါ်သို့ ပထမဦးဆုံး တိုက်ပွဲဝင် နျုကလိယဗုံးကို ကျဲချခဲ့သည်။ ယင်းဗုံးသည် ဟီရိုရှီးမားတစ်မြို့လုံးအား TNT ၁၂၅၀၀ တန် ရှိ ပေါက်ကွဲအားဖြင့် ပေါက်ကွဲစေခဲ့သည်။ ဟီရိုရှီးမားကို ဗုံးကျဲပြီး နောက်တစ်နေ့တွင် အမေရိကန်သမ္မတ ထရူးမင်းသည် ဂျပန်ကို လက်နက်ချရန် ထပ်မံတောင်းဆိုခဲ့သည်။ သို့သော် ဂျပန်အစိုးရသည် ငြင်းပယ်ခဲ့သည်။

သြဂုတ်လ ၉ ရက်နေ့တွင်မူ အမေရိကန်သည် ဒုတိယအကြိမ်မြောက် နျုကလိယဗုံးကျဲတိုက်ခိုက်မှုကို နာဂါဆာကီမြို့တွင် ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူပေါင်း ၈၀၀၀၀ ခန့် သေဆုံးခဲ့သည်။ အမေရိကန်၏ အဏုမြူဗုံးကျဲတိုက်ခိုက်မှုနှစ်ခုလုံးတွင် အရပ်သား စုစုပေါင်း ၂၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။

ဆိုဗီယက်ထက် လက်ဦးမှုရယူခြင်းလား

အဏုမြူဗုံး (အထူးသဖြင့် နာဂါဆာကီမြို့ပေါ်ကျဲချခဲ့တဲ့ ဒုတိယဗုံး) ကျဲမှု၏ နောက်ထပ်အကြောင်းအရင်းသည် ဆိုဗီယက်ပြည်ထောင်စုနှင့် ပတ်သက်နေသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့၊ ဟီရိုရှီးမားဗုံးကျဲခံရပြီး နောက်နှစ်ရပ်အကြာတွင် ဆိုဗီယက်ပြည်ထောင်စု၏ မာရှယ်ဖြစ်သူ ဂျိုးဇက် စတာလင်သည် တီဟီရန်(Tehrān)(၁၉၄၃)နှင့် ယာလ်တာ(Yalta)(၁၉၄၅) ညီလာခံများတွင် သဘောတူညီခဲ့တဲ့အတိုင်း ဂျပန်ကိုစစ်ကြေငြာခဲ့သည်။

အမေရိကန်သမ္မတ ဟယ်ရီ ထရူးမင်းသည် ဗုံးကျဲမှုကို ဂျပန်ကိုလက်နက်ချဖို့ တွန်းအားပေးရုံအတွက်သာမကပဲ အမေရိကန်၏ အင်အားကို ဆိုဗီယက်သို့ပြကာ ဂျပန်သို့ ဝင်မလာရန် သတိပေးခြင်းဟု ယူဆရသည်။

ဂျပန်တို့ လက်နက်ချပြီ

နာဂါဆာကီမြို့ကို ဗုံးကျဲပြီးနောက်တစ်ရက် ၁၉၄၅ခုနှစ် သြဂုတ်လ ၁၀ရက်နေ့တွင် ဂျပန်အစိုးရက ‌ပေါ့စ်ဒမ်ကြေညာချက်တွင် ဖော်ပြထားသည့် မဟာမိတ်လက်နက်ချစည်းကမ်းချက်တွေကို လက်ခံဖို့ သဘောတူကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်ကိုယ်စားလှယ်များက လက်နက်ချကြောင်း တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိကမ္ဘာစစ်ပြီးဆုံးခဲ့သည်။

ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များကို အဏုမြူဗုံးကျဲချမှုသည် စစ်အေးတိုက်ပွဲနှင့် ကမ္ဘာတစ်ဝှမ်းနျူကလိယလက်နက်ပြန့်ပွားလာမှုများကဲ့သို့ ကမ္ဘာလုံးဆိုင်ရာသက်‌ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယနေ့ခေတ်တွင် နိုင်ငံအများအပြားသည် နျူကလိယလက်နက်ကို ပိုင်ဆိုင်ထားကြသော်လည်း ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များကို ဗုံးကျဲပြီးနောက်ပိုင်း စစ်ပွဲများတွင် ယင်းလက်နက်များကို အသုံးပြုခြင်း မရှိခဲ့ကြပေ။

အိုပန်ဟိမ်းမားနှင့် မက်ဟန်တန် နောက်ဆက်တွဲ

မန်ဟက်တန်ပရောဂျက်ပြီးသည့်နောက်တွင် အိုပန်ဟိမ်းမားသည် ၁၉၄၇ မှ ၁၉၅၂ ခုနှစ်အထိ အဏုမြူစွမ်းအင်ကော်မရှင်၏ အကြံပေးကော်မတီ အကြီးအကဲအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ကော်မရှင်မှ ဟိုက်ဒရိုဂျင်ဗုံးကိုတည်ဆောက်ရန်အတွက် အကြံပြုခဲ့သည်။ အိုပန်ဟိမ်းမားက အဏုမြူဗုံးထက် အဆ ၁၀၀၀ ပိုကြီးသော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးသည် သူတီထွင်ခဲ့သော အဏုမြူဗုံးထက် အဆမတန်အဖျက်စွမ်းအားကြီးမားလာမှာကို စိုးရိမ်နေခဲ့သည့်အတွက် ငြင်းပယ်ခဲ့သည်။

ယင်းငြင်းဆိုမှုသည် အိုပန်ဟိမ်းမားအတွက် နိုင်ငံရေးရန်သူတွေများ များပြားလာစေခဲ့သည်။ ပြင်းထန်သည့် ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒီများအတွက် အိုပန်ဟိမ်းမားသည် ပစ်မှတ်ဖြစ်လာခဲ့သည်။ ၎င်း၏ အတိတ်မှ ကွန်မြူနစ်များနှင့် ဆက်နွယ်မှုများသည် ၎င်းကို ဆိုဗီယက်သူလျှိုတစ်ဦးဖြစ်ကြောင်း စွပ်စွဲချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ အိုပန်ဟိမ်းမား၏ ကံကြမ္မာကိုဆုံးဖြတ်ရန်အတွက် ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့ကို ခေါ်ယူခဲ့သည်။ ၁၉၅၄ခုနှစ် လျှို့ဝှက်ကြားနာမှုအတွင်းတွင် “ငါတို့မှာ အေဗုံးနဲ့ စူပါဗုံးတွေ ရှိတယ်၊ ခင်ဗျားတို့က ဘာတွေထပ်လိုချင်သေးတာလဲ၊ ရေသူမတွေလား” ဆိုပြီး ရူပဗေဒပညာရှင် အိုင်ဆီဒေါ ရာဘီက အိုပန်ဟိမ်းမားနှင့် ပတ်သက်သော မေးခွန်းများအပေါ် ပြန်လည်တုံ့ပြန်ခဲ့ဖူးသည်။ အိုပန်ဟိမ်းမားကိုယ်စား သက်သေခံ အယောက်၃၀နီးပါးက ထွက်ဆိုခဲ့သော်လည်း သူ၏ လုံခြုံရေးဆိုင်ရာလုပ်ပိုင်ခွင့်ကို ရုတ်သိမ်းခံခဲ့ရသည်။ လုပ်ပိုင်ခွင့်မရှိဘဲ သူ၏အလုပ်ကို ဆက်လက်လုပ်ကိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်များသည် ထိုဆုံးဖြတ်ချက်အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ကြသော်လည်း အဖတ်မဆယ်နိုင်ခဲ့ပေ။ အိုပန်ဟိမ်းမားသည် ရူပဗေဒကိုသာ ဆက်လက်သင်ကြားပေးရင်း အများအားဖြင့် ကိုယ်ပိုင်ဘဝနှင့်သာ နေထိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

အိုင်းစတိုင်းနှင့် အဏုမြူဗုံး

ဂျပန်မဂ္ဂဇင်း တစ်ခု၏ အယ်ဒီတာတစ်ယောက်က အဏုမြူဗုံး ထုတ်လုပ်တာဟာ ပျက်စီးစေတဲ့ သဘောကိုသာ ဆောင်တာကို သိရက်နဲ့ ဘာလို့ ပါဝင်ခဲ့တာလဲ ဆိုကာ အိုင်းစတိုင်းကို မေးခဲ့ဖူးသည်။ အိုင်စတိုင်းက ဒီဖြစ်စဉ်တွေမှာ သူလုပ်ခဲ့သည့် တစ်ခုတည်းသော လုပ်ရပ်မှာ ဒီလောက် အန္တရာယ်များတဲ့ နည်းပညာတွေကို ဂျာမန်တွေ မတွေ့ရှိခင်မှာ အမေရိကန်ကို အဦးဆုံး စူးစမ်းစေချင်တာကြောင့် သမ္မတဆီကို စာပို့ အကြောင်းကြားခဲ့တာလေးသာရှိပြီး ဒီလုပ်ရပ်ကို သူလည်း နောင်တရမိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ Newsweek မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုတွင်မူ အိုင်းစတိုင်းက ဂျာမန်တွေသာ ဒီဟာကြီးကို တီထွင်နိုင်မှာ မဟုတ်မှန်း သိခဲ့ရင် ဘာကိုမှ လုပ်ခဲ့မှာ မဟုတ်ဘူးဆိုကာ ဖြေကြားခဲ့သည်။

References

Technical histories

Participant accounts


Category:1942 establishments in the United States Category:1946 disestablishments in the United States Category:American secret government programs Category:Atomic bombings of Hiroshima and Nagasaki Category:Explosives engineering Category:History of the Manhattan Project Category:Military history of Canada during World War II Category:Military history of the United Kingdom during World War II Category:Military history of the United States during World War II Category:Nuclear history of the United States Category:Nuclear weapons program of the United States Category:Projects established in 1942 Category:Secret military programs

Content Disclaimer

Informasi ini disarikan dari Wikipedia dan disajikan kembali untuk tujuan edukasi. Konten tersedia di bawah lisensi CC BY-SA 3.0. Kami tidak bertanggung jawab atas ketidakakuratan data yang bersumber dari kontribusi publik tersebut.

  1. The information displayed on this website is sourced in part or in whole from Wikipedia and has been adapted for the purpose of restating it. We strive to provide accurate and relevant information, however:
  2. There is no guarantee of absolute accuracy. Wikipedia is an open, collaborative project that can be edited by anyone, so information is subject to change.
  3. It is not intended to constitute professional advice. The content displayed is for informational and educational purposes only. For important decisions (e.g., medical, legal, or financial), please consult a professional.
  4. Content copyright. Wikipedia is licensed under the Creative Commons Attribution-ShareAlike License (CC BY-SA). This means that content may be reused with appropriate attribution and shared under a similar license.
  5. Responsible use. Any risk arising from the use of information from this website is entirely the responsibility of the user.